အခွန်အခပေးဆောင်မှုလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း
(၁၄.၅.၂၀၁၈)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌National Enlightenment Institute မှ အခွန်အခပေးဆောင်မှုလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပအိုဝ်းတိုင်းရင်းသား ရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအဖွဲ့ ဝင်များ၊ဌာနဆိုင်ရာမှတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ နှင့်NEI အဖွဲ့မှတာဝန်ရှိသူများတက်ရောက်ကြပါသည်။
ဆွေးနွေးပွဲတွင် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ တက်ရောက်လာ သူများမှမိတ်ဆက်၍ယခုပွဲအတွက်မျှော်လင့်ထားသည်များကိုတစ်ယောက်လျှင် (၁)မိနစ်ခန့် ပြောကြားခြင်း၊ အခွန်ဆိုင်ရာဥပဒေ၊ မူဝါဒနှင့်လက်ရှိကောက်ခံသည့်ကဏ္ဍနှင့်ပုံစံများကိုရှင်းလင်းပြောကြားခြင်း၊ စီးပွားရေးဖွံ့ဖြိုးရန် အခွန်အခဆိုင်ရာများကိုဆွေးနွေးခြင်းနှင့် တက်ရောက်လာသူများမှယခုထက် အခွန်၊ အခဆိုင်ရာအသိအမြင်များ၊ မူဝါဒရေးရာများ၊ ပိုမိုကောင်းမွန်လာစေရန်၊ ပူးပေါင်းဆောင်ရွက်နိုင်သည်များကိုဆွေးနွေးခြင်း၊ နောက်(၅)နှစ် တွင်အခွန်၊ အခ၊အကောက်စနစ်များ၏ စီးပွားရေးအပေါ်သက်ရောက်မှုများကိုဆွေးနွေးခြင်း၊ ယနေ့ဆွေးနွေးပွဲ မှရရှိလာသောဗဟုသုတများ၊ မရှင်းလင်းသည့်အချက်မျာ၊ ထပ်မံသိချင်သည့်အချက်များ ကိုဆွေးနွေးခြင်း၊ ယခုထက်အခွန်၊ အခဆိုင်ရာအသိအမြင်များမူဝါဒရေးရာများ၊ ပိုမိုကောင်းမွန်လာနိုင်စေရန် ပူးပေါင်းဆောင်ရွက် လာနိုင်သည်များကိုဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲကို (၁၄.၅.၂၀၁၈)ရက်နေ့၊ မွန်းလွဲ (၁၆း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။




