ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၆-၉-၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၁၃း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခိုင်ခိုင်လဲ့၊ ဒေါက်တာခင်နိုင်ဦး၊ ဥပဒေပြုရေးဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ ဘီးလင်းမြို့နယ်သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးဌာနမှူး၊သမဝါယမအသင်းအမှုဆောင် များတက်ရောက်ကြပါသည်။ အစည်းအဝေးတွင် သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ/ကျေးရွာသားတို့မှ တိုင်ကြားလာမှုအပေါ် ဆွေးနွေးကြပါသည်။
အစည်းအဝေးကို (၆-၉-၂၀၁၈)ရက်နေ့၊ မွန်းလွဲ (၁၆း၃၀)နာရီတွင် ရပ်နားပါသည်။



