2556

ကျား/မ အခြေပြုအကြမ်းဖက်မှုဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့်ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

(၂၅.၁၀.၂၀၁၇)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ ကျား/မ အခြေပြုအကြမ်းဖက်မှု ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအဖွဲ့ဝင်များ တက်ရောက် ကြပါသည်။

ဆွေးနွေးပွဲတွင်ကဲရ်မြန်မာအဖွဲ့၏ ဒေသဆိုင်ရာညှိနှိုင်းရေးမှူးမှအဖွဲ့အစည်းသမိုင်းကြောင်းနှင့် ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များရှင်းလင်းတင်ပြခြင်း၊ နွေးထွေးသောရင်ခွင်အဖွဲ့၏စီမံချက်မန်နေဂျာမှ လက်ရှိအကောင်အထည် ဖော်ဆောင်ရွက်နေသည့် စီမံချက်လုပ်ငန်းများအကြောင်းရှင်းလင်းတင်ပြခဲ့ပါသည်။

ဆွေးနွေးပွဲကို (၂၅.၁၀.၂၀၁၇)ရက်နေ့၊ မွန်းလွဲ (၃း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။