ကျိုက်မရောမြို့နယ်တွင် သုတေသနကွင်းဆင်းလေ့လာခြင်း
(၆-၃-၂၀၁၈)ရက်နေ့၊ နံနက် (ဝရး၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ နယ်မြေခံပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ သုတေသနအဖွဲ့ဝင်များနှင့် လွှတ်တော်ရုံအဖွဲ့များသည် ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ၊ ရေပူကော့စပ်နှင့်ဖားဘောင်ဂူသို့ သုတေသနစာတမ်းပြုစုနိုင်ရန်အတွက် ကွင်းဆင်းလေ့လာခြင်းများ ပြုလုပ်ခဲ့ပါသည်။
လေ့လာရာတွင် ကျိုက်မရောဘုရားကြီးအားဖူးမြော်ပြီး ရေပူအိုင်(၃)ခုနှင့် ဖားဘောင်ဂူအတွင်းရှိ လင်းနို့များနှင့် ဂူအပြင်သဘာဝပတ်ဝန်းကျင် အခြေအနေကို လေ့လာခဲ့ကြပါသည်။




