ကျိုက်မရောမြို့နယ်အတွင်း သုတေသနဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန် အကြိုညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၁.၁၀.၂၀၁၇) ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ရေးရာဆွေးနွေးပွဲခန်းတွင် ကျိုက်မရောမြို့နယ်အတွင်း သုတေသနဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ ညှိနှိုင်းအစည်းအဝေးသို့ မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၊ ဒေါ်မြသင်္ဂီမော်၊ ဥပဒေပြုရေးကော်မတီအဖွဲ့ဝင် ဒေါက်တာဒေါ်ကြင်စွမ်၊ မော်လမြိုင်တက္ကသိုလ်မှ ဒုတိယပေါမောက္ခချုပ် ဒေါက်တာမီမီစိန်၊ ဘူမိဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာယဉ်ယဉ်အေး၊ ရုက္ခဗေဒဌာန တွဲဖက်ပါမောက္ခ ဒေါက်တာမိုးမိုးခိုင်၊ ဓာတုဗေဒဌာနတွဲဖက်ပါမောက္ခ ဒေါက်တာအေးအေးချို၊ မြန်မာစာဌာန ကထိက ဒေါက်တာမျိုးမင်း၊ မြန်မာစာဌာနနည်းပြ ဦးလွင်မော်ဦးတို့ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင်တက်ရောက်လာသူများမှ “ ကျိုက်မရောမြို့နယ်၏ ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းမှုဆိုင်ရာလေ့လာဆန်းစစ်ခြင်း ” သုတေသနစာတမ်းရေးသားမည့် ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးကို (၁၁.၁၀.၂၀၁၇) ရက်နေ့၊ နေ့လည်(၁၁း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


