ကျိုက်မရောမြို့နယ်၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲနှင့်စာအုပ်ထုတ်ဝေရေးအတွက် အကြိုညှိနှိုင်းတွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း
(၈-၁၀-၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် ကျိုက်မရောမြို့နယ်၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲနှင့်စာအုပ်ထုတ်ဝေရေးအတွက် အကြိုညှိနှိုင်းတွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လူမှုရေးဝန်ကြီး၊ ဒေါ်ခင်မျိုးမြင့်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ မော်လမြိုင်တက္ကသိုလ်မှ ဌာနဆိုင်ရာသုတေသီများနှင့် ကျိုက်မရောမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူး၊ ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ တက်ရောက်ကြပါသည်။
တွေ့ဆုံပွဲတွင် ကျိုက်မရောမြို့နယ်၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲနှင့်စာအုပ်ထုတ်ဝေရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံပွဲကို (၈-၁၀-၂၀၁၈)ရက်နေ့၊ နံနက် (၁၁း၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။




