ကျေးရွာမီးလင်းရေးကိစ္စ ပြည်နယ်လွှတ်တော်ဥက္ကဌ ဆွေးနွေး
မွန်ပြည်နယ်လွှတ်တော် ဥက္ကဌဦးကျင်ဖေသည် 9-7-2015 ရက်နေ့ (1200)နာရီအချိန်တွင် ချောင်းဆုံမြို့နယ် မုရစ်ကလေးကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မတီဝင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်နှင့်အတူ ကုလားဘီ၊ ဝယ်လန်း မုရစ်ကလေး၊ ကော့ကဒိုက် အဘစ်နှီးမှုတ် ကွမ်လှာ၊ ကမာကေး၊ ဖံဖ၊ ကရိုက်ဒူး၊ ခရိုက်နှီးဟု ဆယ်ဗလာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့ပြီး ယခုနှစ်ပွင့်လင်းရာသီတွင် ချောင်းဆုံ မြို့နယ်သို့ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား သွယ်တန်းရောက်ရှိလာသည်နှင့် ရွာတွင်းမီး သွယ်တန်းပြီး မီးလင်းရေးအတွက်ဆောင်ရွက်မည့်အခြေအနေများကို ညှိနှိုင်းဆွေးနွေးကြပါသည်။၂၀၁၅-၁၆ ခုနှစ်တွင် ချောင်းဆုံမြို့နယ်သို့ မော်လမြိုင်မဟာဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အား သွယ်တန်းရောက်ရှိလာမည်ဖြစ်သောကြောင့် မြို့နယ်တစ်ခုလုံးမီးလင်းရေးကို စီစဉ်ဆောင်ရွက်လျက်ရှိ ပါသည်။


