520

ချောင်းဆုံမြို့နယ်ကျေးရွာမီးလင်းရေးဆွေးနွေး

၂၂-၇-၂၀၁၅ ရက်နေ့ နံနက်(၀၉း၃၀) အချိန်တွင် ချောင်းဆုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ချောင်းဆုံမြို့နယ်ကျေးရွာများ လျှပ်စစ်မီးလင်းရေးလုပ်ငန်းကိစ္စ ဆွေးနွေးပွဲသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေ တက်ရောက်ဆွေးနွေးပါသည်။ လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီး ဦးနိုင်လဝီအောင်၊ ပြည်နယ်ဥပဒေချုပ် ဦးဝင်းကြည်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၊ ပြည်နယ်/ခရိုင် လျှပ်စစ်ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဖွံ့ဖြိုးရေးအထောက်အကူပြု ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် များတက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်နယ်ဥပဒေချုပ်မှ လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဖြစ်ရေးကိစ္စ၊ လျှပ်စစ်ဝန်ကြီး ဦးနိုင်လဝီအောင်မှ လျှပ်စစ်ဓာတ်အားလုပ်ငန်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုမှချမှတ်ထား သောမူများ၊ ချောင်းဆုံမြို့နယ်သို့ မဟာဓာတ်အားလိုင်းမှ ချိတ်ဆက်သွယ်တန်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပါသည်။

ဆက်လက်ပြီး ပြည်နယ်/ခရိုင်/မြို့နယ် လျှပ်စစ်ဌာနတာဝန်ရှိသူများက မဟာဓာတ်အားလိုင်းမှ ချောင်းဆုံမြို့နယ်သို့ သံလွင်မြစ်ဖြတ်ကူးသွယ်တန်းဆောင်ရွက်မှု၊ ချောင်းဆုံတွင်ဓာတ်အားခွဲရုံတည် ဆောက်မှု ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ချောင်းဆုံမြို့နယ်တောင်ပိုင်း၊ မြောက်ပိုင်းများသို့ လျှပ်စစ်ဓာတ်အား သွယ်တန်းခြင်းများကို ရှင်းလင်းဆွေးနွေးပါသည်။

ဆက်လက်ပြီး ကျေးရွာတွင် လျှပ်စစ်မီးသွယ်တန်းခြင်းနှင့်ပတ်သက်ပြီး လျှပ်စစ်ဌာနမှချမှတ်ထား သော မူ(၁၄)ချက်ကိုရှင်းလင်းဆွေးနွေးပြီး ကျေးရွာတွင်းမီးသွယ်တန်းခြင်းကို မီးလင်းရေးမူ(၁၄)ချက်နှင့် အညီ ကျေးရွာလူထုဆန္ဒဖြင့်သွယ်တန်းဆောင်ရွက်နိုင်မှုများကို ရှင်းလင်းဆွေးနွေးပါသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးမှ ကျေးရွာမီးလင်းရေးကို နိုင်ငံတော်ဘတ်ဂျက် ဖြင့်ခွင့်ပြုဆောင်ရွက်ပေးသင့်ကြောင်း ဘတ်ဂျက်ရေးဆွဲတောင်းခံသင့်ကြောင်း၊ လျှပ်စစ်ဌာန၏ဘတ်ဂျက် တစ်စုံတစ်ရာရရှိပါက ကျေးရွာမှကျခံမှုသက်သာမည်ဖြစ်ကြောင်း၊ ဌာနဘတ်ဂျက်ဖြင့် (၁)နှစ်၊ (၂)နှစ် အတွင်းလုပ်ပေးနိုင်မှုအခြေအနေများကိုဆွေးနွေးရာ လျှပ်စစ်ဝန်ကြီးနှင့် ပြည်နယ်၊ ခရိုင်၊ လျှပ်စစ်ဌာန တာဝန်ရှိသူများက နိုင်ငံတော်တွင် ပြည်နယ်/တိုင်းများတွင်လည်းကောင်း၊ မီးလင်းရေးလိုလာသည့် ကျေးရွာ များရှိနိုင်သဖြင့် ဌာနဘတ်ဂျက် ရ၊ မရ၊ မည်သည့်နှစ်တွင်ရနိုင်မည်ကို မပြောနိုင်သေးကြောင်း ဆွေးနွေး ပါသည်။

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ကျေးရွာမီးလင်းရေးလုပ်ငန်းကိုလျှပ်စစ်ဌာနဘတ်ဂျက်ရမှဆောင်ရွက်လိုသည်၊ မရပါကလည်းမီးလင်းရေးမူ(၁၄)ချက်အတိုင်း ဆောင်ရွက်လိုသည် စသည့်အခြေအနေများကို သုံးသပ်ပြီး ကျေးရွာလူထုဆန္ဒဖြင့်ဆောင်ရွက်သင့်ကြောင်း၊ ကျေးရွာမီးလင်းရေးဆောင်ရွက်ခြင်းကို ကျေးရွာမှတာဝန်ယူဆောင်ရွက်ကာ လျှပ်စစ်ဌာနသို့လွှဲပြောင်းပေးပါက လျှပ်စစ်ဌာနမှ ဆက်လက် ဆောင်ရွက် သွားမည့်အခြေအနေရှိကြောင်း၊ ကျေးရွာမီးလင်းရေးနှင့်ပတ်သက်ပြီး လျှပ်စစ်ဖြန့်ဖြူးခြင်း လုပ်ငန်းများ ဆောင်ရွက်သွာမည်ဆိုပါက စာရင်းဇယားများရှင်းလင်းမှု ဆောင်ရွက်ရမည့်အခြေအနေ မီးကြိုး၊တိုင် စသည့် ပြုပြင်ဆောင်ရွက်မည့်လုပ်ငန်းများအခြေအနေကြောင့် စာရင်းဇယားရှုပ်ထွေးလာ နိုင်ကြောင်း၊ တိုင်ကြားမှု များလည်းရှိနိုင်ကြောင်း၊ သို့ဖြစ်၍ ကျေးရွာမီးလင်းရေးကိုမည်သို့ဆောင်ရွက်သွား သင့်သည်ကို ကျေးရွာ၌ တိုင်ပင်ဆွေးနွေးပြီးမှ ကျေးရွာဆန္ဒဖြင့် ဆောင်ရွက်သင့်ကြောင်း၊ ရွာဦးထိပ် အရောက် မီးသွယ်ထားပေးပြီး ရွာတွင်းမီးလင်းရေးမဖြစ်လာပါက ပေးကာပေး၏မရ ဖြစ်နေနိုင်သဖြင့် လူထုကုန်ကျမှုအခြေအနေ၊ လူထုပါဝင် နိုင်မှု၊ ပါဝင်သင့်မသင့်၊ စဉ်းစားဆွေးနွေးဆုံးဖြတ်ဆောင်ရွက်ကြရန် ဆွေးနွေးပါသည်။

20150722_094250