724

ချောင်းဆုံမြို့နယ်လျှပ်စစ်မီးလင်ရေးကိစ္စဆွေးနွေးညှိနှိုင်း

၁၈-၁၁-၂၀၁၅ ရက်နေ့တွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးတို့နှင့်အတူ ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမတွင် ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဌာန ဆိုင်ရာများ၊မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဝင်များ၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌများ၊ ခရိုင်မြို့နယ် အင်ဂျင်နီယာ၊ ချောင်းဆုံမြို့နယ်အတွင်း လျှပ်စစ်သွယ်တန်းရေးဆောင်ရွက်လျက်ရှိ သော ကုမ္ပဏီများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ချောင်းဆုံတစ်မြို့နယ်လုံးလျှပ်စစ်မီးလင်းရေးကိစ္စ ဆွေးနွေးကြပါသည်။ ခရိုင်လျှပ်စစ်အင်ဂျင်နီယာမှ မော်လမြိုင်မှချောင်းဆုံမြို့သို့ သံလွင်မြစ်ဖြတ် လျှပ်စစ်မီး သွယ်တန်းရေးလုပ်ငန်းအခြေအနေများကို ဆွေးနွေးပါသည်။ ၎င်းနောက် ချောင်းဆုံမြို့နယ်လျှပ်စစ် အင်ဂျင်နီယာနှင့် လျှပ်စစ်မီးသွယ်တန်းရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း ကုမ္ပဏီများက မိမိတို့ လုပ်ငန်းအလိုက် ဆောင်ရွက်ပြီးစီးမှု၊ တွေ့ကြုံရသောအခြေအနေများကို ဆွေးနွေးကာ တက်ရောက်လာသူ များက လိုအပ်သည်များအကြံပြုညှိနှိုင်းဆွေးနွေးပါသည်။

ဆက်လက်ပြီး ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုကော်မတီများ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတို့က ကျေးရွာတွင်း မီးသွယ်တန်းရေး၊ မီးလင်းရေး လုပ်ငန်းများဆွေးနွေးကာ ကျေးရွာအလိုက်ကော်မတီများ ကျေးရွာတွင်း မီးလင်းလုပ်ငန်းကော်မတီများဖွဲ့စည်းပြီး ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ရန်နှင့် ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားစာ၊ လျှပ်စစ်လုပ်ငန်းနှင့် မီးလင်းရေးမူ(၁၂)ချက် တို့နှင့်အညီ ဆောင်ရွက်သွားကြရန် ညှိနှိုင်းသဘောတူကြပါသည်။ ကျေးရွာအတွင်း နေအိမ်များ မီးသွယ်တန်းခြင်းကို နောက်မှဝင်လာလိုသူများအား ကျေးရွာမီးလင်းရေးကော်မတီ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့၏ ခွင့်ပြုထောက်ခံချက်ဖြင့်သာ လျှပ်စစ်ဌာနမှဆောင်ရွက်ပေးရန်ကိုလည်း ညှိနှိုင်းကြပါသည်။

IMG_20151118_095308