621

ချောင်းဆုံမြို့နယ်အတွင်းရှိ အသက်(၁၀၀)ပြည့် ဘိုး၊ ဘွားများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ပူဇော်ချီးမြှင့်ငွေပေးလှူဒါန်းခြင်း

ပူဇော်ချီးမြှင့်ငွေပေးလှူဒါန်းခြင်း

        နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ ဦးသိန်းစိန်မှ နိုင်ငံတစ်ဝန်းလုံးမှ အသက်(၁၀၀)ကျော် အဖိုး၊ အဖွားများအား ဂုဏ်ပြုကြည်ညိုသောအားဖြင့် ဂုဏ်ပြုမှတ်တမ်းနှင့် ထောက်ပံ့ပူဇော်ငွေများ ချီးမြှင့်လျက်ရှိရာ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ချောင်းဆုံမြို့နယ် သက္ကောကျေးရွာမှ ဆရာတော် ဥူးသုန္ဒရ၊ ကျိုက်ဒိုးတောရကျောင်းဆရာတော် ဘဒ္ဒန ္တနာဂိန္ဒ နှင့် လူပုဂ္ဂိုလ်ဖြစ်သည့် တောင်းစွန်းကျေးရွာမှ ဦးကျော်အောင်၊ သက္ကောကျေးရွာမှ ဦးကွန်ပါ တို့အား ပူဇော်ချီးမြှင့်ငွေကျပ် (၂)သိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေ၊ ချောင်းဆုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းသိန်း၊ ချောင်းဆုံမြို့နယ်သာသနာရေးမှူး ဦးသော်သာသွင်တို့က နိုင်ငံတော်သမ္မတကြီး ကိုယ်စား ကျေးရွာများသို့သွားရောက်ပြီး ကြည်ညိုပူဇော်ကြပါသည်။

IMG_4548IMG_4557