1514

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များလေ့လာရေးခရီးစဉ်တွေ့ဆုံပွဲအခမ်းအနားကျင်းပခြင်း

(၉.၂.၂၀၁၇)ရက်နေ့ နံနက်(၀၉း၀၀)အချိန်တွင်  စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့် လွှတ်တော် ကိုယ်စားလှယ်များသည် မွန်ပြည်နယ်လွှတ်တော်ရုံးသို့ လေ့လာရေးခရီးစဉ်အဖြစ် ရောက်ရှိခဲ့ကြပါသည်။ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌမှ နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊လွှတ်တော်ကိုယ်စားလှယ်များမှ တစ်ဦးချင်းမိတ်ဆက်စကားပြောကြားခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌမှနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ မွန်ပြည်နယ်လွှတ်တော်ရုံး ညွန်ကြားရေးမှူးမှ ရုံးလုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များမှ သိလိုသည်များ အပြန်အလှန်မေးမြန်းဆွေးနွေးခြင်း၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့မှ အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခြင်းနှင့် ဒုတိယဥက္ကဋ္ဌမှ ကျေးဇူးတင်စကားပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားကို (၁၁း၀၀)နာရီအချိန်တွင် ကျင်းပပြီးစီးပါသည်။

 

          ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်ရုံး အစည်းအဝေးခန်းမအား ကြည့်ရှု ခြင်း၊ ဝန်ထမ်းများမှ လုပ်ငန်းဆောင်ရွက်ချက်များတင်ပြခြင်းအပေါ်  သိရှိလိုသည်များ မေးမြန်းခြင်း၊ ရုံးစာကြည့်တိုက်အား လှည့်လည်ကြည့်ရှုုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ (၁၁း၄၀)နာရီအချိန်တွင် ပြန်လည်ထွက်ခွာပါသည်။

20170209_104839 20170209_095223

IMG_20170209_104426