စာမေးပွဲကျင်းပပြုလုပ်ခြင်း
မွန်ပြည်နယ်လွှတ်တော်ရုံးရှိ ဝန်ထမ်းများ လွှတ်တော်လုပ်ငန်း ကျွမ်းကျင် တတ်မြောက်စေရန် ရည်ရွယ်၍ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁)မှအငယ်တန်းစာရေးအထိ ဝန်ထမ်းများအား ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥပဒေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်နည်းဥပဒေများ၊ လွှတ်တော်နှင့်သက်ဆိုင်သည့် သိမှတ်ဖွယ်ရာများအား ဖြေဆိုသည့် အရည်အချင်းစစ်ရေးဖြေစာမေးပွဲကို ၁၉.၁၁.၂၀၁၅ ရက်နေ့ ၀၉း၃၀ နာရီအချိန်မှ ၁၁း၀၀ နာရီအထိ လွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

