3361

စံပြလူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့မှ ကောင်းမွန်သောအုပ်ချုပ်ရေးခေါင်းစဉ်ဖြင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

(၂၂.၅.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ စံပြလူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့မှ ကောင်းမွန်သောအုပ်ချုပ်ရေးခေါင်စဉ်နှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် စံပြလူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ကြပါသည်။

ဆွေးနွေးပွဲတွင် စံပြလူထုအခြေပြုဖွံ့ဖြိုးရေးအဖွဲ့အကြောင်း မိတ်ဆက်တင်ပြခြင်း၊ ကောင်းမွန်သော အုပ်ချုပ်မှုဖြစ်ပေါ်တိုးတက်လာစေရန် ပြည်သူနှင့်လွှတ်တော်၊ ပြည်သူနှင့် အစိုးရအကြား ခိုင်မာသောဆက်ဆံရေး တိုးမြှင့်နိုင်ရန် ရည်ရွယ်၍ကောင်းမွန်သောအုပ်ချုပ်ရေးခေါင်းစဉ်ဖြင့် လူထုများနှင့်အလွတ်သဘော တွေ့ဆုံ ဆွေးနွေးပွဲများမှ ၎င်းတို့ ကြုံတွေ့နေသော အခက်အခဲလိုအပ်ချက်များကို ဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးပွဲကို (၂၂-၅-၂၀၁၈)ရက်နေ့၊ နေ့လည် (၁၂း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။