တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် မိတ်ဆက်အခမ်းအနား ကျင်းပပြုလုပ်ခြင်း
(၂၂.၁.၂၀၂၁)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ ၌ တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် မိတ်ဆက်အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌအပါအဝင် တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း (၂၂)ဦး တက်ရောက်ကြပါသည်။ အခမ်းအနားအား အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ခဲ့ပြီး (၁၃း၀၅) အချိန်တွင် ရပ်နားခဲ့ပါသည်။
အစီအစဉ် (၁) အခမ်းအနားစတင်ကြောင်း ကြေညာခြင်း၊
အစီအစဉ် (၂) မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊
အစီအစဉ် (၃) အခမ်းအနားသို့ တက်ရောက်လာသော တတိယအကြိမ် မွန်ပြည်နယ်
လွှတ်တော်ကိုယ်စားလှယ်များအား မိတ်ဆက်ပေးခြင်း၊
အစီအစဉ် (၄) ရေးရာကော်မတီအသီးသီးမှ ကော်မတီ၏ (၅)နှစ်တာလုပ်ငန်းဆောင်ရွက်ချက်
အစီရင်ခံစာ(အနှစ်ချုပ်)တင်ပြခြင်း၊
အစီအစဉ် (၅) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် လုပ်ငန်းဆောင်ရွက်ချက်များ
(အနှစ်ချုပ်)တင်ပြခြင်း၊
အစီအစဉ် (၆) အခမ်းအနားသို့ တက်ရောက်လာသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
များမှ မေးမြန်းခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်း၊
အစီအစဉ် (၇) တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ပထမနေ့)
ကျင်းပပုံ အကြိုသရုပ်ပြလေ့ကျင့်မှု ဗီဒီယို (Video)အား ပြသခြင်း၊
အစီအစဉ် (၈) မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခြင်း၊
အစီအစဉ် (၉) တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်မိတ်ဆက်အခမ်းအနား
ပြီးမြောက်ကြောင်း ကြေညာခြင်း။


