တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့် အဖွဲ့ဝင်များ မွန်ပြည်နယ်လွှတ်တော်သို့လာရောက်လေ့လာခြင်း
တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့်အဖွဲ့ဝင်များသည် 4-7-2015 ရက်နေ့ (0930) အချိန်တွင် မွန်ပြည်နယ်လွှတ်တော်သို့ လာရောက်လေ့လာရာ မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး လွှတ်တော်ဆိုင်ရာလုပ်ငန်းကိစ္စများကို ရင်းရင်းနှီးနှီးဆွေးနွေးကြကာ မွန်ပြည်နယ်လွှတ်တော်ရုံးဆောက်လုပ်ပြီးစီးမှုများကိုလေ့လာသွားကြပါသည်။



