642

တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေးဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲ

၉-၉-၂၀၁၅ ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ လောကအလင်းအဖွဲ့မှ တရားဥပဒေစိုးမိုးမှုဆိုင်ရာဆွေးနွေးပွဲကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တရားလွှတ်တော်ရုံး၊ ပြည်နယ်ဥပဒေချုပ်ရုံးမှ အရာရှိကြီးများ ပြည်နယ်လွှတ်တော်ရေးရာကော်မတီဝင်များ၊ လွှတ်တော်ရုံးဝန်ထမ်းများ၊ ရှေ့နေများ၊ ရဲအရာရှိများနှင့် တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေးအဖွဲ့အသီးသီးမှတာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ဆွေးနွေးပွဲတွင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်နယ်ဥပဒေချုပ်တို့မှ ဆွေးနွေးပြောကြားပြီးနောက် မွန်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးမှု မြှင့်တင်ရေးဆောင်ရွက် နေကြသော (USAID/PRLP) မိတ်ဖက်အဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ သက်ဆိုင်ရာ စီမံကိန်းများအား ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းခြင်း၊ အကြံပြုခြင်းနှင့် အတူတကွပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

IMG_4598