တွေ့ဆုံဆွေးနွေးခြင်း
(၁၈.၇.၂၀၁၇)ရက်နေ့ နေ့လည်(၁၂း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ သတင်းအချက်အလက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအကြောင်းနှင့် လွှတ်တော်များ၏ဆောင်ရွက်မှုမှတ်တမ်းများအား Online မှထုတ်လွှင့်တင်ဆက်နိုင်ရန်အတွက် နည်းပညာပိုင်း ဆိုင်ရာ ပူးပေါင်းအကူအညီပေးနိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နည်းပညာတာဝန်ခံဖြစ်သူ ဦးကျော်သီဟမှ လာရောက်ရှင်းလင်းတင်ပြခဲ့ပါသည်။
အဆိုပါရှင်းလင်းပွဲသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးနှင့် ဝန်ထမ်းများ တက်ရောက်ကြပါသည်။



