တွေ့ဆုံဆွေးနွေးခြင်း
(၂၂.၂.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်တွေ့ဆုံဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်ပြည်နယ်မန်နေဂျာ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ တက်ရောက်ကြပါသည်။
အဆိုပါဆွေးနွေးပွဲတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှဆောင်ရွက်ချက်များ၊ စီမံချက်များ၊ လုပ်ငန်း လျာထားချက်များနှင့်ပတ်သက်၍ ပြည်နယ်မန်နေဂျာမှ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း၊ ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ကြပါသည်။ ဆွေးနွေးပွဲအား နံနက် (၁၀း၄၅) အချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။



