တွေ့ဆုံဆွေးနွေးပွဲနှင့်အစည်းအဝေး ကျင်းပခြင်း
ကျိုက်မရောမြို့နယ်အတွင်းဘိလပ်မြေစက်ရုံတည်ဆောက်နေသော MCL ကုမ္ပဏီနှင့်လွှတ်တော် ကိုယ်စားလှယ် များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို (၆-၅-၂၀၁၆) ရက်နေ့၊ (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး သိရှိလိုသည်များ မေးမြန်း ပါသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ စုစုပေါင်း (၄၁)ဦး တက်ရောက်ပါသည်။ တွေ့ဆုံဆွေးနွေးပွဲကို (၁၂း၀၀)နာရီအချိန် ရပ်နားပါသည်။
ဆက်လက်ပြီး တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီအစည်းအဝေးကို (၁၃း၀၀)နာရီအချိန် ဆက်လက်ကျင်းပရာ (၁၅း၄၀)နာရီ အချိန်တွင် ရပ်နားပါသည်။



