1483

တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခြင်း

၆.၁.၂၀၁၇ ရက်နေ့ (၁၀း၁၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ ပြည်နယ်အစိုးရ အဖွဲ့နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့ မွန်ပြည်နယ်အစိုးရအဖွဲ့ အဆင့်မြင့်ဧည့်ရိပ်သာတည်ဆောက်ခြင်း လုပ်ငန်းနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးကြပါသည်။

တွေ့ဆုံပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စိုက်ပျိုး၊မွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ တက်ရောက်ကြပါသည်။

20170106_100710  20170106_100843