2002

ဒေသဆိုင်ရာလွှတ်တော်များအားပေးကူညီရေးအဖွဲ့နှင့်တွေ့ဆုံခြင်း

မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဒေါ်တင်အိသည် ဒေသဆိုင်ရာလွှတ်တော်များအားပေးကူညီရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းနိုင်၊ ဦးသက်ဇော်၊ ဦးဖေအောင်လင်း၊ ဦးချစ်ဇွဲဦးတို့အား(၉.၆.၂၀၁၇)ရက်နေ့နံနက်(၁၀း၀၀)နာရီအချိန်မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ တွေ့ဆုံခဲ့ပါသည်။  တွေ့ဆုံပွဲသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်မျိုးမြင့်နှင့်   ပြည်နယ် လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ဲကြပါသည်။

ထိုသို့ဆွေးနွေးရာတွင် လွှတ်တော်မိတ်ဆက်စာအုပ်ထုတ်ဝေရန်အတွက် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၃၁)ဦး၏ ကိုယ်ရေးအချက်အလက်များ၊ မွန်ပြည်နယ်လွှတ်တော်ရေးရာကော်မတီဝင်များ၏ ကိုယ်ရေးအချက်အလက်များ၊ မွန်ပြည်နယ်လွှတ်တော်တွင် အတည်ပြုပြဋ္ဌာန်းနေသောဥပဒေများနှင့်ပတ်သက် ၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြပါသည်။