နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ လူ့အခွင့်အရေးချိုးဖောက်မှုများ လျှော့ကျစေရေးအတွက်ထုတ်ပြန်ထားသောအစီရင်ခံစာမိတ်ဆက်ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခြင်း
(၃၀.၇.၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၄း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲ
ခန်းမတွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်အသင်းမှ လူ့အခွင့်အရေးချိုးဖောက်မှုများလျှော့ကျ
စေရေးအတွက် ထုတ်ပြန်ထားသော အစီရင်ခံစာမိတ်ဆက်ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့်အသနားခံ
စာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ၊
မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ၊ မွန်ပြည်နယ်
လွှတ်တော်အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့်ကော်မတီအဖွဲ့ဝင်များ၊
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိတို့မှ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် တက်ရောက်လာသူများမှ လူ့အခွင့်အရေးချိုးဖောက်မှုများလျှော့ကျစေရေးအတွက်
ထုတ်ပြန်ထားသောအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲကို (၃၀.၇.၂၀၂၀)ရက်နေ့၊ မွန်းလွဲ(၁၅း၅၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



