ပညာအလင်းပွင့်မြန်မာသုတေသန Enlightened Myanmar Research (EMR) မှ ပြည်နယ် လွှတ်တော်ဥက္ကဌနှင့်လာရောက်တွေ့ဆုံခြင်း
၁၆-၇-၂၀၁၅ ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးသို့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးု အထောက်အကူပြု လူမှုစီးပွားရေးဆိုင်ရာသုတေသနများကို ဆောင်ရွက်လျက် ရှိသော ပညာအလင်းပွင့်မြန်မာသုတေသန (EMR) မှ အမှုဆောင်ညွန်ကြားရေးမှူး ဒေါ်မြတ်သဲသစ္စာ၊ ဦးသီဟစိုး၊ မော်လမြိုင် (NEI) ဥက္ကဋ္ဌ ဦးကျော်ဇံဝင်းတို့ ပြည်နယ်လွှတ်တော်သို့ လာရောက်ပြီး လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရုံးအကြီးအကဲများနှင့် တွေ့ဆုံပြီး လွှတ်တော်မှတ်တမ်း ထိန်းသိမ်းမှုနှင့်သတင်းအချက်အလက်ဖြန့်ဝေမှုဆိုင်ရာ သုတေသနဆောင်ရွက် ပြင်ဆင်နေမှုနှင့် ယင်းသုတေသနလုပ်ငန်းအတွက် လေ့လာတွေ့ရှိမှုများကိုအခြေခံပြီး သတင်းအချက် အလက်ဖြန့်ဝေမှုဆိုင်ရာ စွမ်းရည်မြှင့်တင်သည့် စီမံကိန်းရေးဆွဲရေးနှင့်စပ်လျဉ်းသည့် အကြောင်းအရာ များဆွေးနွေးပါသည်။ ယင်းတွေ့ဆုံပွဲတွင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်၊ ဦးအောင်နိုင်ဦး၊ ဦးစံတင်နှင့် ရုံးအဖွဲ့တာဝန်ရှိသူများမှ မွန်ပြည်နယ်လွှတ်တော်ရုံးမှတ်တမ်းများ ထိန်းသိမ်းထားရှိမှုနှင့် ပြည်နယ်လွှတ်တော်မှ သတင်းအချက်အလက်များ ဖြန့်ဝေဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပါသည်။


