ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်သည့် ဥပဒေ၊ အဆိုများဆွေးနွေးခြင်း
၂၀-၇-၂၀၁၅ ရက်နေ့ နေ့လည်(၁၂း၀၀)နာရီ အချိန်တွင် ကျင်းပသော ရေးရာကော်မတီများ ပူးပေါင်းအစည်းအဝေးသို့ ပြည်နယ်အစိုးရအဖွဲ့ သစ်တောနှင့်သတ္တုဝန်ကြီး ဦးဝင်းမော်ဦး၊ ပြည်နယ် သစ်တောဦးစီးမှူး၊ ပြည်နယ်သဘာဝပတ်ဝန်းနှင့် သစ်တောရေးရာဦးစီးဌာနမှူး၊ မော်လမြိုင်ခရိုင်၊ သထုံခရိုင်သစ်တော ဦးစီးမှူးတို့ တက်ရောက်ကြပါသည်။ မွန်ပြည်နယ်ကျေးရွာထင်းစိုက်ခင်းဥပဒေ၊ မွန်ပြည်နယ်ကျေးရွာထင်းစိုက်ခင်း ဥပဒေကိုပြင်ဆင်သည့်ဥပဒေ၊ မွန်ပြည်နယ်အပန်းဖြေစခန်းများ၊ တိရစ္ဆာန်ဥယျာဉ်နှင့်ရုက္ခဗေဒဥယျာဉ် ဥပဒေ ပြဋ္ဌာန်းချက်များအပေါ် အကောင်အထည်ဖော်မှုအခြေအနေ၊ ပြည်နယ်တွင်း မြို့နယ်၊ ကျေးရွာ၊ ကမ်းစပ်ဒေသများရှိ ဒီရေတောများကိုထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆို၊ အများပိုင်သစ်တောထူထောင်ဆောင်ရွက် ပေးပါရန် တိုက်တွန်းကြောင်း အဆို၊ သဘာဝအရင်းအမြစ်များ ကာကွယ်ထိန်းသိမ်းရေး အဆိုများနှင့် ပတ်သက်ပြီး ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးကြပါသည်။


