861

ပြည်နယ်လွှတ်တော်လွှဲပြောင်းခြင်းလုပ်ငန်း မိတ်ဆက်အစီအစဉ်ဖော်ဆောင်ခြင်းအခမ်းအနားကျင်းပခြင်း

ပထမအကြိမ်ပြည်နယ်လွှတ်တော်မှ ဒုတိယအကြိမ်ပြည်နယ်လွှတ်တော်သို့ လွှတ်တော်လုပ်ငန်းများ လွှဲပြောင်းခြင်းနှင့်ပြည်နယ်လွှတ်တော်လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်းအစီအစဉ်ကို ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲ ခန်းမ၌ (၁၈-၁-၂၀၁၆) ရက်နေ့နှင့်(၁၉-၁-၂၀၁၆) ရက်နေ့တွင် (၁၂း၃၀)နာရီမှ (၁၅း၃၀)နာရီအထိ ကျင်းပပြုလုပ်ခဲ့ ပါသည်။

အခမ်းအနား (ပထမနေ့)တွင် ဒုတိယအကြိမ်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ပထမနေ့) ကျင်းပပုံအား Vedio Slide များဖြင့် ရှင်းလင်းခြင်း၊ ဆွေးနွေးခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်နှင့်အကျုံးဝင်သော ပြဋ္ဌာန်းချက်များ ကောက်နုတ်ချက်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေအကျဉ်းချုပ်၊ မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေများအကျဉ်းချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေပါ ပြည်နယ်လွှတ်တော်နှင့်စပ်ဆိုင်သောပြဋ္ဌာန်းချက်များ ကောက်နုတ်ချက်၊ မွန်ပြည်နယ်လွှတ်တော်ရုံး လက်စွဲ၊ ပထမအကြိမ်ပြည်နယ်လွှတ်တော် အစည်းအဝေးများ၏ မေးခွန်းများ၊ အဆိုများ၊ ဥပဒေပြုခြင်းနှင့်ပထမအကြိမ် ပြည်နယ်လွှတ်တော်မှ ပြဋ္ဌာန်းခဲ့သော ဥပဒေများနှင့်ယင်းဥပဒေများကို ဖော်ဆောင်မှုတို့ကို တစ်ခုချင်းစီအလိုက် တင်ပြခြင်း၊ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

အခမ်းအနား (ဒုတိယနေ့)တွင် ပထမအကြိမ်ပြည်နယ်လွှတ်တော်တွင် ဆောင်ရွက်ခဲ့သော အထွေထွေကိစ္စရပ်များ (တင်ပြစာ၊ တိုင်စာလေ့လာတွေ့ရှိချက်)၊ တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်မှုများ၊ ပြည်နယ်လွှတ်တော် တွေ့ဆုံပွဲများ၊ ဆွေးနွေးပွဲများ၊ ဆောင်ရွက်ချက်များ၊ မွန်ပြည်နယ်လွှတ်တော်မဟာဗျူဟာ စီမံကိန်း၊ ကြားနာခြင်းနှင့် Public Relation၊ MPU မြန်မာပါလီမန်ယူနီယံဆိုင်ရာလုပ်ငန်းများအကျဉ်းချုပ်၊ ပြည်နယ်လွှတ်တော်ဘတ်ဂျက်ရေးဆွဲခြင်း ကောက်နုတ်ချက်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများ၏လုပ်ငန်းများ လေ့လာခြင်း၊ ပြည်နယ် လွှတ်တော်မှ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ဆက်သွယ်ဆောင်ရွက်မှုတို့ကို တစ်ခုချင်းစီအလိုက် တင်ပြခြင်း၊ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့မှ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဒုတိယအကြိမ်ပြည်နယ်လွှတ်တော် အရွေးချယ်ခံကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူးနှင့် ရုံးအဖွဲ့များ တက်ရောက်ကြပါသည်။

IMG_5142   IMG_5145