2126

ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့နှင့်တွေ့ဆုံခြင်း

မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့မှတာဝန်ရှိသူများနှင့် (၃.၇.၂၀၁၇) ရက်နေ့၊ နံနက် (၁၁း၀၀)နာရီ အချိန်တွင် မွန်ပြည်နယ်လွှတ်တော်ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးစဉ် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့မှ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များ၏ ဘတ်ဂျက်ဆိုင်ရာ အချက်အလက် များကို နှစ်အလိုက်ဖော်ပြထားသော ဂရပ်များ၊ ဇယားများအား အများပြည်သူအလွယ် တကူလေ့လာနိုင်ရန် ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေများတွင် ပါဝင်သော နောက်ဆက်တွဲဇယားများကို ဒစ်ဂျစ်တယ်ပုံစံဖြင့် ပြောင်းလဲပြီး လွှတ်တော်များ၊ စာနယ်ဇင်းများ၊ သုတေသီများ၊ လေ့လာသူများ၊ စိတ်ပါဝင်စားသူများ အလွယ်တကူလေ့လာ နိုင်ရန်  ဘတ်ဂျက်ဆိုင်ရာအကြောင်းအရာများကို လာရောက်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။