ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ၏ ကွင်းဆင်းဆောင်ရွက်နေမှုအခြေအနေ
(၉.၅.၂၀၁၇)ရက်နေ့ (၁၅း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီမှ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ Southern Myanmar ဘောလုံးကွင်းတွင် ဟိုတယ်လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။အဆိုပါကွင်းဆင်းမှုတွင်ဘဏ္ဍာရေး၊စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ(၈)ဦးနှင့်အတူ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ အရာရှိများ၊ Southern Myanmar F.C ဘောလုံးကွင်းမှ တာဝန်ခံများပါဝင်တွေ့ဆုံဆွေးနွေးခဲ့ရာ ဆွေးနွေးမှုတွင် Southern Myanmar ဘောလုံးကွင်း၊ ဟိုတယ်လုပ်ငန်း အကောင်အထည်ဖော်မှုအားဆွေးနွေးခြင်း၊စစ်ဆေးကြည့်ရှုခြင်း၊ဟိုတယ်ဆောက်လုပ်မှုအဆောက်အဦအရေအတွက်၊ အခန်းအရေအတွက်စာရင်းပြုစုပေးရန်နှင့် Southern Myanmar အသင်းမှ ဝင်ငွေရရှိမှုအခြေအနေများအား သိလိုကြောင်းဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။



