ဘတ်ဂျက်စီစစ်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း
The Asia Foundation အဖွဲ့မှ ကြီးမှူးကျင်းပသည့် ဘတ်ဂျက်စီစစ်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို(၁၀.၉.၂၀၁၇)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် ငွေမိုးဟော်တယ်(ဘုရင့်နောင်ခန်းမ)၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ The Asia Foundation မှဆွေးနွေးပွဲအကြောင်းမိတ်ဆက်တင်ပြခြင်း၊ ဥပဒေပြုလွှတ်တော်၏ အခန်းကဏ္ဍနှင့် ဘတ်ဂျက်ဖြစ်စဉ်အကြောင်းတင်ပြ ဆွေးနွေးခြင်း၊ ဘတ်ဂျက်စီစစ်သုံးသပ်ခြင်းနှင့် ထိန်းသိမ်းကြီး ကြပ်ခြင်းဖြစ် စဉ်တွင် ပါဝင်ပတ်သက်သော အဖွဲ့အစည်းများ အကြောင်းဆွေးနွေးခြင်း၊ ဘတ်ဂျက်ပြင်ဆင်ခြင်းအချိန်စာရင်းအကြောင်းဆွေးနွေးခြင်း၊ ဘတ်ဂျက်စီစစ်သုံးသပ်ခြင်းနှင့် ထိန်းသိမ်းကြီးကြပ်ခြင်းနည်းးလမ်း၊ လုပ်နည်းလုပ်ဟန်ပုံစံများတင်ပြခြင်း၊ အမေးအဖြေကဏ္ဍများဖြင့် ဆွေးနွေးခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များ၊ ဘဏ္ဍာရေးစီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအဖွဲ့ဝင်များ၊ The Asia Foundation မှတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။


