ဘတ်ဂျက်ရေးဆွဲရေးတွင် လွှတ်တော်နှင့်အရပ်ဘက်အဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း
(၉.၁၁.၂၀၁၇) မှ (၁၀.၁၁.၂၀၁၇)ရက်နေ့ထိ နံနက်(၉း၀၀)နာရီအချိန်၊ ရာမညဟိုတယ်၊ မော်လမြိုင်မြို့တွင် ဘတ်ဂျက်ရေးဆွဲရေးတွင် လွှတ်တော်နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဘဏ္ဍာရေး၊စီမံကိန်းနှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအဖွဲ့ဝင်များတက်ရောက်ကြပါ သည်။
ဆွေးနွေးပွဲတွင် ဒေသန္တရအစိုးရ၏ထိရောက်သော ဘဏ္ဍာရေးစနစ်အတွက်မူဘောင်၊ အများပြည်သူပါဝင် သော ဘတ်ဂျက်ရေးဆွဲမှုလုပ်ငန်းစဉ်၊ ဘတ်ဂျက်ထိန်းကျောင်းသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပါသည်။



