4924

ဘီးလင်းမြို့နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ရေမြေသဘာဝနှင့်ယဉ်ကျေးမှု အမွေအနှစ်များ သုတေသနလုပ်ငန်းပြုလုပ်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၁၃.၁၁.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ဘီးလင်းမြို့နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ရေမြေသဘာဝနှင့် ယဉ်ကျေးမှုအမွေးအနှစ်များ သုတေသနလုပ်ငန်းပြုလုပ်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ဦးမင်းမင်းဦး၊ နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်၊ မော်လမြိုင်တက္ကသိုလ်မှသုတေသီများနှင့် National Enlightenment Institute(NEI)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ ဘီးလင်းမြို့နယ်သို့ အဋ္ဌမခရီးစဉ်(Final Field Trip) အနေဖြင့် ကွင်းဆင်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို (၁၃.၁၁.၂၀၁၉)ရက်နေ့၊ နံနက်(၁၁း၄၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။