4723

ဘီးလင်းမြို့နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ရေမြေသဘာဝနှင့် ယဉ်ကျေးမှုအမွေအနှစ်များ သုတေသနကိစ္စရပ်များဆိုင်ရာအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၇.၈.၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၄း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် ဘီးလင်းမြို့နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ရေမြေသဘာဝနှင့် ယဉ်ကျေးမှုအမွေအနှစ်များ သုတေသနကိစ္စရပ်များဆိုင်ရာအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဦးမင်းမင်းဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများ၊ မော်လမြိုင်တက္ကသိုလ်မှသုတေသီများနှင့် National Enlightenment Institute (NEI)မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ ဘီးလင်းမြို့နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ရေမြေသဘာဝနှင့် ယဉ်ကျေးမှုအမွေအနှစ်များ သုတေသနပြုလုပ်မည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍  ဆွေးနွေးခဲ့ ကြပါသည်။

အစည်းအဝေးကို (၂၇.၈.၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၅း၁၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။