4418

ဘီးလင်းမြို့နယ်၏ သုတေသနလုပ်ငန်းအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၂၄.၆.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် ဘီးလင်းမြို့နယ်၏ သုတေသနလုပ်ငန်းအတွက်ညှိနှိုင်းအစည်းအဝေး(၂/၂၀၁၉)ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ မော်လမြိုင်တက္ကသိုလ်မှ သုတေသီပညာရှင် များနှင့် National Enlightenment Institute(NEI)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။

အစည်းအဝေးတွင် တက်ရောက်လာသူများမှ ဘီးလင်းမြို့နယ်အတွင်းပြုလုပ်မည့် သုတေသနနှင့် ပတ်သက်၍ ဘာသာရပ်အလိုက် သုတေသနခေါင်းစဉ်ရွေးချယ်ခြင်းနှင့် ကွင်းဆင်းဆောင်ရွက်မည့်ကိစ္စရပ်များအား   ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို (၂၄.၆.၂၀၁၉)ရက်နေ့၊ နေ့လည်(၁၂ း ၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။