2585

မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှလာရောက်လေ့လာခြင်း

(၂၇.၁၀.၂၀၁၇)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမ၌ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဝန်ထမ်းများမှ မွန်ပြည်နယ်လွှတ်တော်သို့ လာရောက်လည်ပတ် လေ့လာခဲ့ကြပါသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များမှ မိတ်ဆက်ခြင်း၊ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များမှမိတ်ဆက်ခြင်း ၊ လက်ဆောင်များအပြန်အလှန်ပေးအပ်ခြင်း၊ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌမှကြိုဆိုနှုတ်ခွန်းဆက်သခြင်း၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ ကျေးဇူးတင် စကားပြောကြားခြင်းတို့ ပြုလုပ်ခဲ့ပါသည်။