1627

မသန်စွမ်းသူများဥပဒေဆိုင်ရာ နှီးနှောဖလှယ်ပွဲကျင်းပပြုလုပ်ခြင်း

(၂၈.၃.၂၀၁၇)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ ချောင်းဆုံအသင်းတော် အခြေပြုမသန်စွမ်းကူညီစောင့်ရှောက်မှု ပြန်လည်ထူထောင်ရေးဌာန (TLMM) နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းသူများအတွက် မသန်စွမ်းပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျှက်ရှိရာ မသန်စွမ်းသူများအခွင့်အရေးဥပဒေဆိုင်ရာ (၂၀၁၅ခုနှစ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ်- ၃၀) ကိစ္စရပ်များအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် နှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါနှီးနှောဖလှယ်ပွဲသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူးနှင့် The Leprosy Missiol  Myanmar မှတာဝန်ခံများ တက်ရောက်ပြီး နှီးနှောဖလှယ်ပွဲအား (၁၂း၀၀)နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။

DSC01993 DSC01990 DSC01998