3599

မူဝါဒပြောင်းလဲမှုဖြင့် ထိခိုက်ခံစားလွယ်သောအမျိုးသမီးများ၏ အကြမ်းဖက်မှုလျော့နည်းရေးစီမံချက်ဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

(၁၂-၇-၂၀၁၈)ရက်နေ့ထိ နံနက် (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင်  မူဝါဒပြောင်းလဲမှုဖြင့် ထိခိုက်ခံစားလွယ်သောအမျိုးသမီးများ၏ အကြမ်းဖက်မှုလျော့နည်းရေးစီမံချက် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေး ဆိုင်ရာကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။

ဆွေးနွေးပွဲတွင် စီမံကိန်းဖြစ်ပေါ်လာပုံနှင့် ဆောင်ရွက်မှုလုပ်ငန်းစဉ်များရှင်းလင်းတင်ပြခြင်း၊ သုတေသန ပညာရှင်၏ မွန်ပြည်နယ်အတွင်း ထိခိုက်ခံစားလွယ်သော အမျိုးသမီးများနှင့် လိင်လုပ်သားများ အခွင့်အရေး ချိုးဖောက်ခံရမှုများဆန်းစစ်လေ့လာချက်နှင့်ပတ်သက်၍ အနှစ်ချုပ်ကို ရှင်းလင်းတင်ပြခြင်းနှင့် တင်ပြချက်အပေါ် အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ကြပါသည်။

ဆွေးနွေးပွဲကို (၁၂-၇-၂၀၁၈)ရက်နေ့၊ မွန်းတည့်(၁၂း၀၀)အချိန်တွင် ရပ်နားပါသည်။