မူးယစ်ဆေးဝါးအန္တရာယ်လျော့ချရေးဆိုင်ရာ သုံးစွဲမှုလျော့ချရေးကဏ္ဍနှင့်ပတ်သက်ပြီး လေ့လာတွေ့ရှိချက်များအား အကြံပြုအစီရင်ခံစာတင်ပြဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း
(၁၆.၁၂.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲ ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ်လျော့ချရေးဆိုင်ရာ သုံးစွဲမှုလျော့ချရေးကဏ္ဍနှင့်ပတ်သက်ပြီး လေ့လာတွေ့ရှိချက်များအား အကြံပြုအစီရင်ခံစာတင်ပြခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော် ကိုုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဥပဒေအရာရှိများနှင့် UNDP မှတာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။
အခမ်းအနားသို့ တက်ရောက်လာသူများမှ မူးယစ်ဆေးဝါးအန္တရာယ်လျော့ချရေးဆိုင်ရာ သုံးစွဲမှု လျော့ချရေးကဏ္ဍနှင့်ပတ်သက်ပြီး လေ့လာတွေ့ရှိချက်များအား အကြံပြုအစီရင်ခံစာတင်ပြခြင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပါသည်။
အခမ်းအနားကို (၁၆.၁၂.၂၀၁၉)ရက်နေ့၊ မွန်းလွဲ(၁၂း၄၅)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



