4946

မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံအမတ်ကြီးမှ မွန်ပြည်နယ်လွှတ်တော်သို့ လာရောက်တွေ့ဆုံဆွေးနွေးခြင်း

(၂၆.၁၁.၂၀၁၉)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ Call Room တွင် မြန်မာနိုင်ငံဆိုင်ရာသြစတြေးလျနိုင်ငံသံအမတ်ကြီးနှင့် မွန်ပြည်နယ်လွှတ်တော်တို့ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာသြစတြေးလျနိုင်ငံသံအမတ်ကြီး H.E.Ms, Andrea Faulkner နှင့် လွှတ်တော်ရုံးဝန်ထမ်း(၄)ဦးတို့ တက်ရောက် ခဲ့ကြပါသည်။

‌ဆွေးနွေးပွဲတွင် တက်ရောက်လာသူများမှ မွန်ပြည်နယ်လွှတ်တော်၏လုပ်ငန်းအစီအစဉ်များနှင့် အဓိက ဆောင်ရွက်နေသည့်တာဝန်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲကို (၂၆.၁၁.၂၀၁၉)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။