မြန်မာနိုင်ငံနှင့်ဥပရောပသမဂ္ဂတို့ FLEGT VPA လုပ်ငန်းစဉ် ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း
၁၉.၁.၂၀၁၇ ရက်နေ့ (၁၃း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံမှ ဥပရောပ သမဂ္ဂနှင့် Forest Law Enforcement Governance and Trade, Voluntary Partnership Agreement (FLEGT VPA ) သစ်တောဥပဒေစိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ မိတ်ဖက်အဖြစ် ဆန္ဒအလျှောက်သဘောတူညီချက် လက်မှတ်ရေးထိုးဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်သည့်အဆင့်လုပ်ငန်းအစီအစဉ်များ အပြီးသတ် ရေးဆွဲရေးနှင့် အဆိုပါလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် Multi-stakeholders Group (MSG) မဖွဲ့စည်းမီ ကြားဖြတ်လုပ်ငန်းအဖွဲ့ အဆိုပါဦးဆောင်မှုဖြင့် FLEGT VPA လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကြားဖြတ်လုပ်ငန်းအဖွဲ့အနေဖြင့် FLEGT VPA ဆိုင်ရာများ၊ လုပ်ငန်းစဉ်များနှင့် မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား လာရောက်ရှင်းလင်းတင်ပြပါသည်။
အဆိုပါဆွေးနွေးပွဲသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များ တက်ရောက်ကြပါသည်။


