မွန်ပြည်နယ်ငါးလုပ်ငန်းဥပဒေ (မူကြမ်း-၅) အား အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း
(၇.၃.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ် ငါးလုပ်ငန်းဥပဒေ(မူကြမ်း-၅) ဆွေးနွေးပွဲကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ငါးလုပ်ငန်းဥပဒေ(မူကြမ်း-၅)ကို ဆွေးနွေးကြ ပါသည်။
ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များနှင့် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများတို့မှ တက်ရောက်ကြပါသည်။ ဆွေးနွေးပွဲကို (၇.၃.၂၀၁၇)ရက်နေ့၊ နေ့လည်(၁၂း၀၀)အချိန်တွင် ရပ်နားခဲ့ပါသည်။



