2711

မွန်ပြည်နယ်စည်ပင်သာယာရေး အခွန် အခ အကောက်ဥပဒေမူကြမ်း ဆွေးနွေးသည့်အစည်းအဝေးကျင်းပခြင်း

၃၀.၁၁.၂၀၁၇) ရက်နေ့၊ မွန်းလွဲ(၁း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံး၊ ဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်စည်ပင်သာယာရေး အခွန် အခ အကောက်ဥပဒေ မူ ကြမ်းဆွေးနွေးသည့်  အစည်းအဝေးကျင်းပပြုလုပ်ခဲ့ ပါသည်။ အစည်းအဝေးသို့  မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေပြုရေး ဆိုင်ရာကော်မတီအဖွဲ့ဝင်များနှင့် ပြည်နယ်စည်ပင်သာယာရေးဌာနမှ တို့ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင်တက်ရောက်လာသူများမှ မွန်ပြည်နယ်စည်ပင်သာယာရေး အခွန် အခ အကောက် ဥပဒေမူကြမ်း အား ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးကို (၃၀.၁၁.၂၀၁၇) ရက်နေ့၊ မွန်းလွဲ(၁၆း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။