မွန်ပြည်နယ်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဦးစားပေးကဏ္ဍဖော်ဆောင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း
(၁၅-၅-၂၀၁၈)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ မွန်ပြည်နယ်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဦးစားပေးကဏ္ဍဖော်ဆောင်ခြင်း အလုပ်ရုံဆွေးနွးပွဲကျင်းပပြုလုပ်ခဲ့ ပါသည်။ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် The Asia Foundation မှတာဝန်ရှိသူများ တက်ရောက်ကြပါသည်။
ဆွေးနွေးပွဲတွင် ကျား၊မရေးရာထည့်သွင်းစဉ်းစားစရာအကြောင်း ဆွေးနွေးတင်ပြခြင်း၊ မွန်ပြည်နယ်ပြုပြင် ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဦးစားပေးကဏ္ဍများရွေးချယ်ခြင်း (ဒုတိယအကြိမ် မူကြမ်း) ကို ပြန်လည် တင်ပြဆွေးနွေးခြင်း၊ မွန်ပြည်နယ်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဦးစားပေး ကဏ္ဍများရွေးချယ် ခြင်းကို သုံးသပ်ဖြည့်စွက်ဆွေးနွေးခြင်း၊ မွန်ပြည်နယ်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဦးစားပေးကဏ္ဍများ ဖော်ဆောင် ရာတွင် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အား ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ကြပါသည်။
ဆွေးနွေးပွဲကို (၁၅-၅-၂၀၁၈)ရက်နေ့၊ ညနေ (၁၆း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။



