မွန်ပြည်နယ်မဏ္ဍိုင်(၄)ရပ် တွေ့ဆုံဆွေးနွေးပွဲကျင်းပခြင်း
မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီတို့မှ ကြီးမှူးကျင်းပတဲ့ မွန်ပြည်နယ်မဏ္ဍိုင်(၄)ရပ်တွေ့ဆုံဆွေးနွေးပွဲကို (၁.၉.၂၀၁၇)ရက်နေ့၊ နံနက် (၉း၃၀)နာရီအချိန်တွင် ပြည်နယ်ခန်းမ (မွန်ပြည်နယ်၊မော်လမြိုင်)၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၊ တရားသူကြီးချုပ် ဦးခင်မောင်ကြီး၊ ပြည်နယ်ဥပဒေချုပ်ဒေါ်အေးအေးမိုး တို့မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဟံသာဝတီ ဦးအုန်းကြိုင်မှ သတင်းမီဒီယာမဏ္ဍိုင်နှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောမှ မဏ္ဍိုင်(၄) ရပ် တွေ့ဆုံဆွေးနွေးပွဲဖြစ်ပေါ်လာပုံနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခြင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားရေးမဏ္ဍိုင်များကိုု တင်ပြခြင်း၊ သတင်းမီဒီယာများမှတင်ပြခြင်း၊ သတင်းမီဒီယာ ကောင်စီဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်တင်မှ နိဂုံးချုပ်အမှာစကားပြောကြားခြင်း များ ဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ၊ မြန်မာနိုင်ငံသတင်းမီဒီယာများ တက်ရောက်ခဲ့ကြပါသည်။


