မွန်ပြည်နယ်မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဥပဒေမူကြမ်းဆွေးနွေးပွဲကျင်းပခြင်း
(၉-၇-၂၀၁၈)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရေးရာကော်မတီခန်းမတွင် ဥပဒေဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် မွန်ပြည်နယ်မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (မူကြမ်း-၃)ကို ဆွေးနွေးကြပါ သည်။


