575

မွန်ပြည်နယ်မြေယာခွန်ဥပဒေနှင့်လွှတ်တော်တွင် တင်သွင်းခဲ့သော မြေယာနှင့်ပတ်သက်သည့် အဆိုများ ဆွေးနွေးခြင်း

၃-၈-၂၀၁၅ရက်နေ့ နေ့လည်(၁၂း၀၀)နာရီတွင် ကျင်းပသော ရေးရာကော်မတီများ ပူးပေါင်း အစည်းအဝေးသို့ ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးမျိုးညွန့်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး၊ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့်ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးတို့ ဖိတ်ကြား တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် မွန်ပြည်နယ် မြေယာခွန်ဥပဒေ၊ မွန်ပြည်နယ်ယစ်မျိုးခွန်ဥပဒေ၊ မွန်ပြည်နယ် တိရစ္ဆာန်မွေးမြူရေးနှင့်စနစ်တကျထိန်းကျောင်းရေးဥပဒေ၊ မွန်ပြည်နယ်ငါးလုပ်ငန်းဥပဒေ၊ မွန်ပြည်နယ်အပင်နှင့် သီးနှံဖျက် ပိုးမွှားရောဂါကာကွယ်ရေးနှင့်နှိမ်နင်းရေးဥပဒေကြမ်းနှင့်မွန်ပြည်နယ်မြေသြဇာများ စနစ်တကျထုတ်လုပ် သုံးစွဲရေးဥပဒေ ပြဋ္ဌာန်းချက်အပေါ် အကောင်အထည်ဖော်မှုအခြေအနေ၊ မြေယာခွန်များ တိုးတက်ကောက်ခံရေးအတွက် စီမံ ဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆို၊ မြေကြီးမြေပုံနှင့်မြေပြင်အပေါ် တိုက်ဆိုင်စစ်ဆေးဆောင်ရွက်နိုင်ရန် တိုက်တွန်းကြောင်းအဆို၊ မြေယာခွန်ဥပဒေရေးဆွဲရန် တိုက်တွန်းကြောင်းအဆို၊ မြို့/ရပ်ကွက်မြေများကို လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ အရ အခြားနည်းသုံးစွဲခွင့် မြို့လူနေအိမ်အဆောက်အအုံမြေအဖြစ် သတ်မှတ်ပေးရန် တိုက်တွန်းကြောင်း အဆို၊ မွန်ပြည်နယ်မြေယာခွန်ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်မှုအဆို၊ မွန်ပြည်နယ်အတွင်း တည်ရေများကို လေလွင့်မှု မဖြစ်စေဘဲ စနစ်တကျအကျိုးရှိစွာ အသုံးချရေးနည်းလမ်း ရှာဖွေဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆိုများနှင့် ပတ်သက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးကြသည်။

IMG_4377IMG_4383