3455

မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် မွန်ပြည်နယ်လူငယ်ရေးရာကော်မတီဝင်များ တွေ့ဆုံမိတ်ဆက်ခြင်း

(၁၂-၆-၂၀၁၈)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်လူငယ်ရေးရာကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် မွန်ပြည်နယ်ရေးရာကော်မတီဝင်များ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်း၊ မွန်ပြည်နယ်လူငယ်ရေးရာကော်မတီဝင်၊ ပြည်ထောင်စုအဆင့် လူငယ်ကိုယ်စားလှယ်တာဝန်ရှိသူမှ လူငယ်ရေးရာ မူဝါဒ ဖြစ်ပေါ်လာပုံနှင့် အခန်းကဏ္ဍများအား ရှင်းလင်းခြင်း၊ မွန်ပြည်နယ်လူငယ်ရေးရာကော်မတီ၊ အတွင်းရေးမှူးမှ လူငယ်စင်တာဖြစ်မြောက်ရေးကိစ္စအား တင်ပြခြင်းများပြုလုပ်ကြပါသည်။

အခမ်းအနားကို (၁၂-၆-၂၀၁၈)ရက်နေ့၊ မွန်းတည့် (၁၂း၀၀)နာရီတွင် ရပ်နားပါသည်။