မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၂-၁၁-၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၁၄း၀၀)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များ ၊ တိုင်ကြားသူများနှင့်တိုင်ကြားခံရသူများတက်ရောက်ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ တိုင်ကြားစာဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။



