3881

မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့်တင်ပြစာ၊ အသနားခံစာနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခြင်း

(၃၀-၁၀-၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမတွင် မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ တိုင်ကြားစာနှင့်တင်ပြစာ၊ အသနားခံစာနှင့်အထွေထွေကိစ္စရပ်များ လေ့ာလာ သုံးသပ်ရေး ကော်မတီအစည်းအဝေးကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာ တိုင်ကြားစာနှင့်တင်ပြစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များ လေ့ာလာ သုံးသပ်ရေး ကော်မတီသို့တိုင်ကြားသည့်အမှုကိစ္စရပ်များ ဆွေးနွေးပါသည်။

အစည်းအဝေးကို (၃၀-၁၀-၂၀၁၈)ရက်နေ့၊ မွန်းတည့် (၁၂း၀၀)အချိန်တွင် ရပ်နားပါသည်။