မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့်အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ၏ကွင်းဆင်းစစ်ဆေးဆောင်ရွက်ချက်များ
(၂၅.၅.၂၀၁၇)ရက်နေ့ မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာနှင့်အထွေထွေ ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီမှ ရေးမြို့နယ်၊ ခေါဇာမြို့နှင့် ချောင်းတောင်ကျေးရွာသို့သွားရောက် ကွင်းဆင်းလေ့လာကြပါသည်။ ကွင်းဆင်းလေ့လာရာတွင် ဒေသခံပြည်သူများမှ တင်ပြတိုင်ကြားလာသောလယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထားခြင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အချိန်ဆွဲထားခြင်းကိစ္စ၊ဦးပိုင်မြေပေါ်တွင်အစိုးရအဆောက်အဦ ဆောက်လုပ်မည်ဟု ပြောဆိုလိမ်လည်ပြီး MPT တာဝါတိုင်တည်ဆောက်ကာ တစ်လလျှင် ငွေကျပ် (၂)သိန်းဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှငှားရမ်းထားခြင်းကိစ္စ၊ ကျေးရွာအုပ်ချုပ်ရေးမှူး အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ အားနည်းကြောင်းတင်ပြလာသည့်ကိစ္စ၊ ပုံစံ(၇)ရရန် ပုံစံ (၁) လျှောက်ထားရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှ လက်မှတ်ရေးထိုးပေးခြင်းမရှိသည့်ကိစ္စတို့ကို သွားရောက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။



