မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့်အထွေထွေ ကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၁၅.၅.၂၀၁၇)ရက်နေ့၊နံနက်(၁၀း၀၀)နာရီအချိန်၊မွန်ပြည်နယ်လွှတ်တော်ဆွေးနွေးပွဲခန်းမတွင် တိုင်ကြားစာ နှင့်အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီအစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ပါသည်။အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌဦးအောင်ကျော်သူနှင့် ကော်မတီဝင်များ တက်ရောက် ခဲ့ကြပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများမှ မွန်ုပြည်နယ်လွှတ်တော်သို့ တိုင်ကြားစာနှင့်ပတ်သက်ပြီး ကျိုက်ထိုမြို့နယ်၊ ကင်းချောင်းကျေးရွာနေ ဘိုးဘွားပိုင်နယ်မြေများကို ဝန်ကြီးဌာနများနှင့်အာဏာပိုင်အဖွဲ့အစည်းများ၏ လူပုဂ္ဂိုလ်တို့မှမတရားသိမ်းဆည်းထားပါသဖြင့် သိမ်းဆည်းခံနယ်မြေများနှင့် ပတ်သက်၍ ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်ကော်မတီအသီးသီးတို့မှ မည်သို့မျှဆောင်ရွက်ပေးခြင်းမရှိပါသဖြင့် ဥပဒေနှင့်အညီ ကူညီဆောင်ရွက် ပေးပါရန် တိုင်ကြာလာ သည့်ကိစ္စအပါအဝင် တိုင်ကြားစာပေါင်း (၅)စောင်အား ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။
ကော်မတီအစည်းအဝေးကို (၁၅.၅.၂၀၁၇)ရက်နေ့၊ နံနက် (၁၁း၀၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။


