မွန်ပြည်နယ်လွှတ်တော်တိုင်ကြားစာနှင့်အသနားခံစာ၊ တင်ပြစာများနှင့်အထွေထွေ ကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအစည်းအဝေးကျင်းပပြုလုပ်ခြင်း
(၈.၅.၂၀၁၇)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၊ မွန်ပြည်နယ်လွှတ်တော်ဆွေးနွေးပွဲခန်းမတွင် တိုင်ကြားစာ နှင့်အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌဦးအောင်ကျော်သူနှင့်ကော်မတီဝင်များသည်တိုင်ကြားလာသောကိစ္စရပ်များမှ အောက်ပါကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြပါသည်-
(က) မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်၊ ပန်းခြံလမ်းကြားသည် တစ်ဖက်လမ်းပိတ်လမ်းတိုလေးဖြစ်ပြီး လမ်းမြေနေရာပေါ်တွင် ကျူးကျော်တဲ၊ အိမ်များကိုတိုးချဲ့ ဆောက်လုပ်လာပါ၍ လမ်းသွားလာမှုခက်ခဲခြင်း၊ မီးဘေးအန္တရာယ်စိုးရိမ်ရခြင်းတို့ကြောင့် ရှင်းလင်းဖယ်ရှားပေးပါရန်ကိစ္စ
(ခ) မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ ခရုံကရုတ်ကွင်း၊ ကွင်းအမှတ် (၃၈၆)၊ ဦးပိုင်အမှတ် (၉၃/၃)၊ မြေဧရိယာ (၄)ဧကခွဲကျော်ရှိ ခြံမြေအား စီမံကိန်းအရ မော်လမြိုင်-ဘားအံကားလမ်းဖောက်လုပ်ရာ၌ လည်းကောင်း၊ မော်လမြိုင်စက်မှုဇုန်စီမံကိန်းသိမ်းဆည်းမြေ၌လည်းကောင်း ပါဝင်ခဲ့ပြီး မည်သည့် နစ်နာကြေးမျှမရရှိခဲ့ကြောင်း၊ မြေ (၁.၀၆)ဧကသာကျန်သည့်အတွက် သိမ်းဆည်းခံမြေနှင့်ပတ်သက်ပြီး နစ်နာခဲ့မှုအား အများနည်းတူ ပြန်လည်ပိုင်ဆိုင်ခွင့် ပြုနိုင် ရန်ကိစ္စ၊
(ဂ) မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာမီးလင်းရေးကော်မတီသည် ငွေကြေးများကောက်ခံပြီး ကောက်ခံရရှိသည့်ငွေကြေးများကို ခိုင်လုံသောအထောက်အထား များဖြင့်ထင်သာမြင်သာရှိအောင် စာရင်းရှင်းလင်းမှုမရှိခြင်းတို့ကြောင့် မီးအသုံးပြုလိုသော ကျေးရွာလူထုမှ အခက်အခဲများဖြစ်ပေါ်နေခြင်း၊ ထင်သာမြင်သာ ရှိသော ငွေစာရင်းများရှင်းလင်းပေးပါရန် မြို့နယ်လျှပ်စစ်ဌာန၏ ကြီးကြပ်စီမံမှုဖြင့် လျှပ်စစ်မီးအသုံးနိုင်ရေးဆောင်ရွက်ပေးနိုင်ရန်ကိစ္စ။
ကော်မတီအစည်းအဝေးကို (၈.၅.၂၀၁၇)ရက်နေ့၊ နံနက် (၁၁း၄၀)နာရီအချိန်တွင် ရပ်နားခဲ့ပါသည်။

